
အမျိုးသမီးတိုတွေမှာ ကောင်းခြင်းအင်္ဂါ ကြန်အင်လက္ခဏာ တွေ အသီးသီး ရှိကြပါတယ်။
ဒီနေ့ မျှဝေပေးချင်တာက ရယ်ခြင်းခြောက်ပါးဖြစ်ပါတယ် ။
အယုတ် အလတ် အမြတ် ဆိုရာမှာ ရယ်ခြင်း ၂မျိုး ဆီရှိပါတယ် ။
ယတ်ညံ့သော အညံ့စားရယ်ခြင်း (၂) ပါး
၆။ အတိ ဟသိတ
ခန္ဓာကိုယ် ကို ရှေ့နောက် ယိမ်းထိုး လှုပ်ရမ်း၍လက်ခုပ် လက် ဝါးတီးကာ အ သံများထွက်ခါ ခွက်ထိုးခွက်လန် ရယ်ခြင်း
၅။ အပ ဟသိတ
မျက်ရည်များ ထွက်အောင် တခွီးခွီးနှင့် မထိန်သိမ်းနိုင်အောင်ရယ်ခြင်း
အလတစား ရယ်ခြင်း (၂) ပါး
၄။ ဥပ ဟသိတ
ပုခုံး လုပ်၍ အသံထွက်ခါ ခိုးခိုးခစ်ခစ် တက်နေသရောင်ရယ်ခြင်း
၃။ ဝိ ဟသိတ
အသံလေးထွက်ခါ တခစ်ခစ် ရယ်ခြင်း
အမြတ်စား ရယ်ခြင်း (၂) ပါး
၂။ ဟ သိတ
သွားပေါ်ယုံမျှ ရယ်ခြင်း ( ကိုယ်လည်း မရမ်း အသံလည်းအထွက်)
၁။ သိတ
သွားလည်း မပေါ်ရ၊ ပါးစပ်မဟ အသံလည်းမထွက်
မျက်လုံးသာ ရယ်ခြင်း
မျက်နှာပေါ်၌ ပြုံးရောင်သမ်းသလို သာရှိခြင်း
အမေ ဒေါ်ဒေါ် အမ ညီမလေး တိုနဲ့ သမီးတိုရေ ကိုယ်ဘယ်လိုတွေရယ်မိနေသလဲ အနိမ့်စား အညံ့စားဆိုရင်တော့ ပြုပြင်ယူလိုရပါတယ်။