မျှဝေတတ်သူ ခံစားတတ်သူကို တစ်ပါးသူတွေ က အပြည့်အဝ နားမလည်နိုင်ပါဘူး။
စည်းကမ်းနဲ့ နေတတ်တဲ့သူတစ်ယောက်ကို ပရမ်းပဒါ နေတတ်တဲ့သူက ပိုလွန်းတယ်ထင်လိမ့်မယ်
သန့်သန့်ရှင်းရှင်းနေတတ်တဲ့သူကို ဖြစ်သလို နေတဲ့သူက အပိုတွေလိုထင်လိမ့်မယ်
အရာရာကို အကောင်းမြင်စိတ်နဲ့ ဖြတ်သန်းလေ့ရှိတဲ့သူကိုလည်း ဒေါသကြီးတတ်တဲ့သူက နားလည်နိုင်မှာမဟုတ်ပါဘူး။
ကြိုးစားအားထုတ်မှုတွေနဲ့ စိန်ခေါ်မှုတွေကိုကြိုက်တတ်တဲ့သူကိုလည်း အေးအေးဆေးဆေးဖြတ်သန်းရင်းအချိန်ကုန်တတ်သူက နားလည်နိုင်မှာမဟုတ်ပါဘူး..
တစ်ချိုအရာတွေ မှာ လူတစ်ဦးချင်းရဲ့ နားလည်မှုဆိုတာ သူတိုပေတံနဲ့တိုင်းနေသ၍ ဘယ်တော့မှနားလည်မှာမဟုတ်ဘူး.. …
ဒါကြောင့် လူတွေဆီက နားလည်မှု ဖြည့်တွေးမှု အကောင်းမြင်မှုကို ဘယ်တော့မှ မမျှော်လင့်နဲ့ သူတိုတွေရဲ့ နားလည်မှုက အကန့်သတ်ရှိနေလိုပါ။
လူတွေအားလုံးရဲ့ နားလည်မှုရဖိုဆိုတာ မျှော်လင့်ကောင်းတဲ့အရာမှမဟုတ်တာ ။
သူ့အတွေးအမြင် တွေထပ်တူ မကျနေသရွေ့ သင် သိမြင်ခံစားရသလို သူတိုတွေ မသိ မမြင် မခံစား တတ်ကြပါဘူး
တခြားလူတွေဆီက ဘာများမျှော်လင့်နေချင်တာလဲ ?
” မမျှော်လင့်ပါနဲ့ “