နေတတ်ခဲ့ပြီ

စေတနာ စကားပေမင့်
နားမထောင်တတ်တဲ့နား
နားမလည်နိုင်တဲ့ နား
မကြားလိုတဲ့ သဘောတွေကြောင့်
မှားမှန်းသိနေလည်း ဖွင့်မပြောဘဲနေတတ်ခဲ့ပြီ. . .
နောက်လည်း မပြောဘဲ နေပါမည် ။

အမှန်တရားပေမင့်
တစ်ပါးသူနစ်နာလေ မလား
ကိုယ့်အကျိုးတရားများလား
သဘောထားကွဲလွဲလေမလား
အကျိုးတရား အကြောင်းတရားတွေကြား
မျက်စိစုံမှိတ် နေတတ်ခဲ့ပြီ . . .
နောက်လည်း စုံမှိတ်နေပါမည် ။

အတူရှိနေချင်မင့်
မခေါ်လိုသူ မရှိစေချင်သူတိုအကြား
စိတ်ကြည်ရွှင်ပြ ဝင်မနှောင့်ဘူး
ရှိနေခြင်းထက် မရှိခြင်းက ပိုထူးမယ်ယုံ
ယုံသည့်အတိုင်း နေရစ်ပါလေ
ကူချင်လိုသေ သေပါစေတော့
ဖယ်ခွါအနား တစ်ဖဝါး မကပ်ပြီ . . .
ဝေးရာရှောင်ရှားနေတတ်ပြီ . . .
နောက်လည်း ဝေးစွာနေပါမည် ။

သိသင့်ပါလျက် မသိစေချင်သူ
ကြားသင့်ပါလျက် မကြားစေချင်သူ
မြင်သင့်ပါလျက် မမြင်စေချင်သု
သူ .. သူ.. သူ… တိုအကြား
ကျွန်ုပ် မသိပါ
ကျွန်ုပ် မကြားပါ
ကျွန်ုပ် မမြင်ပါ …..
နှုတ်ပိတ်မြိုချ နောက်မပြောပါ
သိလည်း မသိ
ကြားလည်း မကြား
မြင်လည်း မမြင်
ကျွန်ုပ်ထံမှ ဘာကမှ သင်သိရမည်မဟုတ်ပါလေ. . .
နေတတ်ခဲ့ပြီ နေတတ်ရမည်ကို
ကောင်းစွာ သိကျင့်
နောင်လည်း နေတတ်ပါတော့မည် ။

နေတက်ခဲ့ပြီ

မကကော်

(4,sep.2018 ကရေးခဲ့တာလေးပြန်ပေါ်လာသောအခါ ပြန်၍နှလုံးသွင်း ကြိုက်လိုပြန်ဖတ် မျှဝေချင်ပြန် )

← All writing