အာဆီယံဆိုသည်မှာ (၄)

AEC Asean Economic Community က ဘာတွေ သဘောတူထားသလဲဆိုရင် ၃ချက်ပါ။

  • free flow of goods
    -free flow of labour
    -free flow of services and Capital
    ကုန်စည် , လုပ်သား , ဝန်ဆောင်မှု နဲ့ ရင်းနှီး မြုပ်နှံမှုများ ကို
    အသင်းဝင်နိုင်ငံများ ကြားမှာ အခွန်တွေ zero o အထိ လျော့ချနိုင်ဖို ဦးတည်ခဲ့ကြပြီး ၂၀၁၈ ခုနှစ်မှာ စတင်အသက်ဝင်ဖို သဘောတူခဲ့ကြပေမဲ့ မြန်မာနိုင်ငံက အဆင်သင့်မဖြစ်ခဲ့ပါဘူး ။

ဆာဆီယံအကျိုးဆက်တွေက နိုင်ငံအချင်းချင်း Visa ကြေး ပြည်ဝင်ခွင့် လွတ်လပ်ခွင့် တွေ ရရှိခဲ့ကြပါတယ်။

တကယ်သာ အဲ့လို free flow ဖြစ်လာရင် ကုန်သွယ်မှုတွေမြန်ဆန်လာပြီး အဖွဲဝင်နိုင်ငံတွေမှာ အခွင့်အလန်းတွေ ရရှိလာမှာဖြစ်ပါတယ်။

International Trade မှာ Quota ,Tax
တွေက အဓိက ကျပါတယ်
ကိုဒါ လိုခေါ်တဲ့ သတ်မှတ်ခွဲတန်းတွေ အခွန်တွေ သည် အဖွဲဝင်နိုင်ငံများအကြားကင်းလွတ်ခွင့်တွေ ရရှိကြမှာ ဖြစ်ပါတယ် ။

မူဝါဒတွေ ဆိုသည်မှာ အကျိုးအပစ်တွေရှိစမြဲမို ဘယ်လို အခြေအနေ ဘယ်နိုင်ငံတွေက အကျိုးအမြတ်ပိုရမလဲ ဘယ်သူတွေ ဆုံးရှုး မလဲဆိုတာ စီးပွားရေးပညာရှင်များ အကြား ဆွေးနွေးပွဲပေါင်းများစွာ ဖြစ်ပေါ်ခဲ့ပါတယ် ။

International Organization တစ်ခုဖြစ်တဲ့ Asean သည် စီးပွားရေး ကုန်သွယ်မှုအတွက် အဓိကထားဖွဲစည်းခဲ့ပြီး နိုင်ငံတစ်ခုရဲ့အချုပ်အခြာ အာဏာ ကို အပြန်အလှန်လေးစားခြင်း တနည်းအားဖြင့်မကျူးကျော် ထိပါးမှု မပြုခြင်းနဲ့
နိုင်ငံတစ်ခုရဲ့ ဥပဒေ ကို အသိအမှတ်ပြုတန်ဘိုးထားခြင်းစံများ ထားသောအဖွဲအစည်းဖြစ်ပါတယ် ။

အဖွဲအစည်းတစ်ခု သည်
How they work ?
What they do and what they don’t.
ဘယ်လို အလုပ်လုပ်ဖိုလဲ ဘာလုပ်မယ် ဘာမလုပ်ဘူး လို တိကျတဲ့ စည်းမျည်းများ ချမှတ်ပြီးသားဖြစ်ပါတယ် ။

အာဆီယံက အရေးယူမှု ပြုလုပ် နိုင်သလား ? ပြုလုပ်ခဲ့သလား ?
ဘယ်လိုအပေါ်မှာ အရေးယူနိုင်သလဲ ? ။

ကျမ လေ့လာမိသလောက်က အာဆီယံနိုင်ငံများအကြား အရေးယူမှု မပြုလုပ်ခဲ့ပါ ။ မပြုလုပ်နိုင်ပါ။
ဆိုလိုတာက sanction ဆန်ရှင်ချတယ်ဆိုတာမျိုးပေါ့ ။

မဲပေးစနစ်မဟုတ်ဘဲ Consencus -a general agreement နဲ့ ဖွဲစည်းထားတာမို အားလုံးသေဘာတူမှသာ ဘာမဆို အတည်ပြုရပါတယ်။

အဖွဲဝင်နိုင်ငံတစ်ခု သဘောမတူရင်ပျက်ပြယ်ပါတယ် ။

အဲ့ဒီတော့ အာဆီယံ ရဲ့ Role က အနောက်နိုင်ငံများအပေါ် သက်ရောက်မှုတွေ ကအားဖြစ်စေလာတာပါဘဲ ။

AEC သည် Single Market ဖြစ်ပြီး ၁၉၅၇ မတ်လက ဖွဲတည်ခဲ့သော European Economic Community EEC က Common Market ဖြစ်ပါတယ်။
EEC မှာတော့ France, West Germany, Italy ,Netherlands , Belgium စတဲ့ နိုင်ငံများ ပါဝင်ပြီး Rome ရောမ မှာ ဆိုင်းထိုးခဲ့ကြတာဖြစ်ပါတယ် ။

တကယ်ဆို အာဆီယံနိုင်ငံများမှာ အာဆီယံက ဘာတွေလုပ်သလဲ လုပ်မလဲ ဘာတွေပြင်တင်ရမလဲဆိုတာကို မူလတန်းကျောင်းသင်ခန်းစာမှာပင်သင်ပေးနေပြီး အသင့်ပြင်ဆင်ပေးနေကြပါပြီ ။
မြန်မာနိုင်ငံမှာ သင်ခန်းစာတချို သင်ပေးထားပေမဲ့ အရေးပါတဲ့အကြောင်းအရာတွေက ကျန်နေဆဲပါဘဲ။

အိမ်နီးချင်းနိုင်ငံတွေက နိုင်ငံသားတွေကို သင်ပေး လက်တွဲခေါ်ပြီး international trade and policy တွေကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး နေတာတွေ ကျမ မြင်ကြားခဲ့ချိန် ကိုယ့်နိုင်ငံ အတွက် သက်ပျင်းရှည် တချက်သာ ချမိပါတော့တယ် ။

တကယ်က မပြည့်စုံသေးပါဘူး လေ့လာချင်ကြရင် ကျမ သိထားသရွေ့ မျှဝေပေးဖိုအဆင်သင့်ပါ ။

တချိုတွေကတော့ သိပြီးသားတွေဖြစ်ပါလိမ့်မယ် သိုသော် မသိသေးတဲ့သူတွေများပါတယ်
သိသောသူတွေမျှဝေကြဖိုတိုက်တွန်းပါတယ်။

IMF
international Monetary Fund
နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲအစည်း

World Bank

Asia Development Bank ADB

ငွေကြေး ဆိုင်ရာ မူဝါဒတွေ
အလုပ် လုပ်ပုံတွေ အဖွဲအစည်းတွေရဲ့ကွဲပြားသော လုပ်ဆောင်မှုတွေ သိစေချင်ပါသေးတယ်။

သေချာသိရင် လိုင်းပေါ်မှာတွေ့သောအကြောင်းအရာတွေက ဖြစ်နိုင် မဖြစ်နိုင် ဟုတ် မဟုတ် စဥ်းစားနိုင်ပါလိမ့်မယ်။

မသိတဲ့အရာတွေ ဆိုရင် မှန်လား မှားလား မဝေခွဲနိုင်ပါဘူး ။
တချို ပညာတတ်များ နိုင်ငံတကာရောက်နေသူများပင်လျင် ဂဃ နဏ မသိ မကွဲပြားဘဲ အမှား များကို ဖြန့်ဝေနေခြင်း ထက်ဆင့် မျှဝေခြင်းများ တွေ့ရသောအခါ ကျမ အတော်ကို စိတ်မကောင်းဖြစ်မိပါတယ်။ ရှက်စရာ လိုလည်း မြင်မိပါတယ်။

ကျမ တင်ပြပေးသောအကြောင်းအရာများနှင့်ပါတ်သတ်၍ ဖြည့်စွက် ပြုပြင်စရာ များတွေ့ပါက ဘာသာြပန်အလွဲစကားအထားအသို လွဲမှားပါက ပြင်ဆင်ပေးနိုင်ပါရန် ပညာရှင်များကိုလည်း ဖိတ်ေခါ်ပါတယ်ရှင် ။

← All writing