တန်ဘိုး

တန်ဘိုးဟူသည်. . . .
ပကတိတန်ဘိုး နှိင်းယှဉ်တန်ဘိုး
အဖြည့်ခံတန်ဘိုး လျော့စျေးတန်ဘိုး
တန်ဘိုး တန်ဘိုး တန်ဘိုး တဲ့လား
တကယ်ဆိုမူ
သက်ရှိ သက်မဲ့ ဒြပ်ရှိ ဒြပ်မဲ့
ဘယ်သူ တန်ဘိုးသတ်မှတ်သနည်း . . . ။

ရောင်းသူနဲ့ ဝယ်သူ ပေးသူနဲ့ယူသူ
စွန့်လွှတ်သူနဲ့ ပေးဆပ်သူတို အကြား
အလိုရှိမှ တန်ဘိုးရှိတာ မဟုတ်ပါလား
အလိုမရှိ နတ္ထိ တန်ဘိုး ညီမျှခြင်းနော်
သိ၍မှတ်ပါ အခါအခါ. . . ။

သက်ရှိ သက်မဲ့ ပကတိလေ
မူလတန်ဘိုး နတ္ထိပါဘဲ
လိုအပ်သောအခါ လိုအပ်သောအချိန်
လိုချင်တဲ့အခါ တန်ဘိုးဆိုတာ ဖြတ်မရဘူး . . .
တန်ဘိုးပေးသူ လက်ထဲမှာ . . . .။

ပြည်တန် ပတ္တမြား အဖိုးတန်မြ
စိန် ရေနံ ရွှေစျေး
တန်ဘိုးအသီးသီး ရှိကြပေလိမ့်
လိုအပ်သောအခါ တန်ရာ တန်ဘိုး ပေးရလိမ့်မယ်
လိုအပ်ချက် အား ပမာဏ ကြီးသော်
တန်ခိုးချိန်ဆ တန်ဘိုးကြီးလိမ့်
ကျောက်ခဲ တစ်လုံး သစ်ရွက်ကလေးလည်း
တန်ဘိုးထားသူ အလိုရှိက
အဖိုး အနဂ္ဂ ရှိပါလိမ့်မည်
တန်ဘိုးထားသူ လက်ထဲမှာ . . .။

လူ လူချင်းကြား
မတ်ေတာ သစ်စာ
ကရုဏာ အကြင်နာ
ဥပေက္ခာ တိုအကြား
ဘယ်သို ဘယ်ပုံ တန်ဘိုးဖြတ်လေမလဲ
မခက်ခဲပါ တွေးဆ ထောက်ရှု
သတိပြုလေ ဤငါးထွေ. . .
ကရုတစိုက် အလေးထားခြင်း
အသိအမှတ် လေးစားခြင်း ကို
တမင်ဖန်တီး မပြုပါဘဲ
တန်ဘိုးဆိုတာ ပေါ်လာမြဲမို
အလေးမထား ကရုမမူ
အမှတ်တမဲ့ မသိကျိုးနွံ ပြုခဲ့ပါမူ
သိ၍ မှတ်ပါ မမေ့ပါနှင့်
အကြင်သူ သတ်မှတ် တန်ဘိုးဖြတ်သည်
သင့်၌ တန်ဘိုး မရှိပါ

အကျွန့် တန်ဘိုး နိတ္ထိပါ ။

မကံ့ကော်

(12/1/2020 အမှတ်တရ ညအမှောင် လမ်းပေါ်က အတွေးတစဖြင့်ဖွဲတည်ပါသည်။)

← All writing