ရာသီဥတု တွေက အပြောင်းအလဲမြန်လာကြတယ်
ခုနေပူနေပြီး ခဏနေတော့ လေအေးတွေတိုက် မိုးလေးကလည်းတဖျောက်ဖျောက် ကျရင်ကျတတ်ပြန်ရော ….
နွေအခါ မိုးရွာတတ်သလို
ဆောင်းမှာနှင်းမဝေ မြူတွေဆိုင်းလို မှိင်းတဲ့အခါတွေလည်း ရှိတယ်….
ရာသီဥတုတွေ မူမမှန်တော့ဘူးလို နေရာတကာ မှာ ပြောနေတဲ့အသံကြားဖူးကြတယ်မလား
ခုဆို ပိုလိုတောင် ခပ်စိတ်စိတ်ကြားလာရပါတယ်
ကျမ ရောက်တဲ့နေရာတွေမှာ ရာသီဥတုတွေက ေဖာက်ပြန်လာတယ်လို ခဏခဏကြားရတာပါဘဲ …
ခုရောက်နေတဲ့ Cyprus မှာရော အတူတူပါဘဲ …. အရမ်းပူလာတယ် တဲ့
ကျမ အတွက်တော့ အေးမြမြလေး နေလိုကောင်းပါတယ် ။
လူတွေက ရာသီဥတု ကိုသာ ရိုးမယ်ဖွဲနေကြတာ ..
လူေတွကိုယ်တိုင်က အပြောင်းအလဲမြန်တတ်ကြတာ ရော ခံစားမိကြရဲ့လား
ကျမ တော့ သိပ်ကို ခံစားမိတယ်လိုပြောရမယ် ထင်ရဲ့
ဒါကြောင့် ကိုယ့်အပေါ် ပြောင်းလဲသွားတတ်သူတွေ အပေါ် အကောင်းဘက် ပြောင်းပြောင်း အဆိုးဘက်ပြောင်းပြောင်း သိပ်မထူးဆန်းတော့ပါဘူး
တချိုက ကိုယ်ဘာလဲ ဘာတွေစွမ်းဆောင်နိုင်လဲ အပေါ်
တချိုက ကိုယ်က ဘာမှမပေးဆပ်နိုင် သူ့အတွက်အကျိုးမရှိတော့ဘူးလို ယူဆ ကြတဲ့အခါ .. ပြောင်းလဲကုန်ကြတော့တာပါဘဲ။
သိုသော် အမှတ်ကြီးတယ် သိမ်းဆည်းထားတတ်သူမို ရေးပြီးစာေတွကိုသာဖျက်လို ရနိုင်ကောင်းပေမဲ့ အမှတ်ကြီးသူေတွရင်ထဲက အရာတွေက မပျက်တတ်ဘူး ……
အားကိုးချင်ယောင်ေဆာင်တတ်သူေတွ
အားငယ်ချင်ယောင်ဆောင်တတ်သူတွေ ခင်မင်ယောင်ဆောင်တတ်သူတွေ
ရိုသေချင်ယောင် ဆောင်တတ်သူတွေ
လေးစားချင်ယောင် ဆောင်တတ်သူတွေ
မေတ္တာရှိချင်ယောင်ဆောင်တတ်သူတွေ
ကျေးဇူးပြုဘူးသူယောင်ဆောင်တတ်သူတွေ
သနားချင်ယောင်ဆောင်တတ်သူတွေ
ထောက်ခံချင်ယောင်ဆောင်တတ်သူတွေ …
အယောင်ေဆာင်တွေကြားက အပြုံးတု အရယ်မျက်ဝန်းတွေဟာ
အခြေအနေတခု မှာ အပြောင်းအလဲဖြစ်သွားတဲ့ သူတွေမြင် တွေ့ ကြား တဲ့အခါ
ဆန့်ကျင်ဘက်တွေ အထိ ပြောင်းလဲသွားတာ မြင်ကြားရလည်း မေတ္တာ မပျက် ပြုံးပြုံးလေးသာ နှုတ်ဆက်တတ်ပြီမို
မိတ်ဆွေတိုလည်း အပြုံးမပျက် နှုတ်ဆက်နိုင်ကြပါစေလို သာ…..။
အေးမြပါသော မေတ္တာ ဖြင့်