
” အာဆီယံ ဆိုသည်မှာ ၁ “
“What is ASEAN & How they work “
ကြိုတင်အစီရင်ခံပါရစေ ဒီပိုစ့်က တင်ပြချက်တစ်ခုသာဖြစ်ပါတယ်
ASEAN အာဆီယံ လိုခေါ်တဲ့အဖွဲအစည်း ကို အာရှအခြေပြုပြီး ဖွဲ့တယ်လို သိထားကြတာများပါတယ်။
တကယ်တော့ ASEAN ကို Asia ဆိုတဲ့စကားလုံးက လာတာမဟုတ်ဘဲ
အရှေ့တောင်အာရှနိုင်ငံများအဖွဲအစည်း
Association of South East Asian Nations ဆိုတဲ့ ထိပ်စ စကားလုံးများကို ပေါင်းစုထားခြင်းဖြစ်ပါတယ်
ASEAN ကို ၁၉၆၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ ဘန်ကောက်မြို ထိုင်းနိုင်ငံမှာ စတင်ဖွဲစည်းခဲ့တာဖြစ်ပြီး
ရုံးချုပ်ကတော့ ဂျာကာတာ မြို အင်ဒိုနီးရှားနိုင်ငံမှာ တည်ရှိပါတယ်။
Founders စတင်တည်ထောင်သူတွေက
Narciso Ramos
Secretary of Foreign Affairs of Philippines
Abdul Razak Hussein
Prime Minister of Malaysia
S.Rajaratnam
Deputy Prime Minister of Singapore
Adam Malik
Vice Persident of Indonesia
Thanat Khoman
Deputy Prime Minister of Thailand
တိုဖြစ်ပါတယ်။
- အာဆီယံ က ဘာကြောင့်ပေါ်ပေါက်လာတာလဲ ?
- အာဆီယံရဲ့ ပန်းတိုင် နဲ့ ရည်မှန်းချက်က ဘာတွေလဲ ?
- အာဆီယံ က ဘာတွေလုပ်တာလဲ ဘာတွေမလုပ်ဘူးလဲ ?
- အာဆီယံအဖွဲဝင်နိုင်ငံတွေရဲ့အကျိုးအမြတ်ကဘာတွေလဲ ?
- UN နဲ့ ASEAN ရဲ့ အဓိက ကွာခြားတဲ့ ဆုံးဖြတ်တစ်ခုက ဘာတွေလဲ ?
- AEC ASEAN Economic Community
ဆိုတာကရော ဘာတွေလုပ်တာလဲ?
ဘယ်အဖွဲအစည်းအောက်ကလဲ? - ဘာကြောင့် အင်အားကြီး နိုင်ငံတွေက အာဆီယံ ကို လစ်လျူရှုလိုမရတာလဲ?
- ဘယ်လိုအကြောင်းအရာတွေကြောင့် အာဆီယံကို Global ကြီးက အာရုံစိုက်လာစေတာလဲ?
- ထူးခြားတဲ့ အာဆီယံ ရဲ့ ဆုံးဖြတ်ချက် မဲပေးမှုကိုရော သင်သိပါသလား?
- အာဆီယံ ရဲ့စွမ်းဆောင်မှုသာ အားကောင်းလာမယ်ဆိုရင် World market ကို ကိုင်လှုပ်နိုင်စွမ်း တစိတ်တပိုင်း ဆိုတာကရော စိတ်ဝင်စားစရာမကောင်းဘူးလား ?
ဝေဖန်ကြမယ်ဆို ကျယ်ကျယ်ပြန့်ပြန့်လေ့လာပါ ။
စာတပုဒ် fb ကမြင်တဲ့ ပိုစ့်တစ်ခုကိုတွေ့ယုံမျှနဲ့ ဝေဖန်မယ်ဆိုရင် သိပ်ကို အမြင်ကျဥ်းလွန်းပါတယ်
ကျမ ပြောထား အစ ဆွဲထုတ်ထားတဲ့ အချက်တွေသိချင်ရင်တော့ ဆက်လက်တင်ပြပေးပါမယ်
ကျမ ပြောတဲ့အချက်တွေထဲက အမှားပါရင်လည်း ထောက်ပြ ဝေဖန် ငြင်းခုန်ရင်းအဖြေရှာကြရအောင်
တကယ်တန်းဆို အချိန် ၄နာရီ သင်တန်းချိန် ၄ကြိမ်လောက်ယူပြီး တင်ပြပေးချင်ပါတယ်
သိချင်သူတွေ ပြောပြကြပါဦး
ဝေဖန်မှာလား
သုံးသပ်တာလား
သတေသနပြုမှာလား
ဝေဖန်ခြင်းက ကိုယ့်ရဲ့ထင်မြင်ယူဆချက်ဖြစ်ပြီး
သုံးသပ်ခြင်းက အကြောင်းအကျိုးလျော်ညီစွာတင်ပြခြင်း
သုတေသန ကတော့ ဖြစ်ပြီးခဲ့သောအကြောင်းအရာတွေနဲ့ အသစ်တွေ့ရှိချက်တွေကိုပေါင်းစပ်လို အချက်အလက်တွေက ခိုင်မာလှပါတယ်။